Granular Activated Carbon(GAC)

Granular Activated Carbon(GAC)

gac-20231003121819.jpg

ရေသန့်စင်ခြင်းဆိုင်ရာကိစ္စ၊ ရေဆိုးသန့်စင်ခြင်းဆိုင်ရာကိစ္စနှင့် အခြားသော သန့်စင်ရေးဆိုင်ရာကိစ္စတွေမှာ Activated Carbonကိုအသုံးပြုကြပါတယ်။ Active Carbonဖြစ်တဲ့အတွက် မီးသွေးနဲ့ကျောက်မီးသွေး (Charcoal and Coal)တို့လိုရိုးရိုးကာဗွန်မဟုတ်ပါ၊ ရိုးရိုးကာဗွန်ရဲ့မျက်နှာပြင်မှာ Porousလို့ခေါ်တဲ့ အပေါက်ငယ်တွင်းငယ်ချွေးပေါက်လေး Small Holesတွေ ပါဝင်မှုနည်းတဲ့အတွက် မသန့်စင်တဲ့Pollutantsတွေ စုပ်ယူနိုင်စွမ်းအားAdsorption Capacity နဲပါတယ်၊ မျက်နှာပြင်ဧရိယာများဘို့လည်းလိုပါ‌သေးတယ်၊ ဒါကြောင့်ရိုးရိုးကာဗွန်ကို Activated Carbonပြုလုပ်ပြီး Powder Activated Carbon(PAC)နဲ့ Granular Activated Carbon(GAC) ဆိုပြီးပုံစံTypeနှစ်မျိုးကိုအဓိထုတ်လုပ် ကြပါတယ်။

Activated Carbon ကို ကာဗွန်ပါဝင်မှုရာခိုင်နုန်းများတဲ့ အော်ဂဲနစ်ကုန်ကြမ်းပစ္စည်တွေနဲ့ ထုတ်လုပ်ထားတာမို့ အော်ဂဲနစ်ပဲဖြစ်ပါတယ်။ အင်အော်ဂဲနစ်Minerals တွေနဲ့ ထုတ်လုပ်တာကိုတော့မတွေ့ရသလောက်ပါပဲ၊ ပထမအဆင့်က ရိုးရိုးကာဗွန်ဖြစ်အောင် အရင်လုပ်ရပါတယ်၊ ရရှိလာတဲ့ရိုးရိုးကာဗွန်ကိုမှ Active Carbonဖြစ်အောင် ဆက်ပြီးလုပ်ယူရပါတယ်၊ Active Carbon ဖြစ်မှ Porosityတက်လာပြီး စုပ်ယူမှုအားကောင်းလို့ပါ၊ ရေသန့်စင်ရေးဆိုင်ရာလုပ်ငန်းတွေမှာတော့ GAC ကိုပဲ သုံးပါတယ်၊Powder Type ကိုတော့ အခြားသောသန့်စင်ရေးဆိုင်ရာလုပ်ငန်းတွေမှာ သုံးပါတယ်၊

Activated Carbonဟာအရောင်တွေအနံ့တွေMineral Oilတွေကလိုရင်း ဘရိုမင်း အိုင်အိုဒင်းတွေနဲ့အခြားသော Pollutantsတွေကိုစုပ်ယူပေးနိုင်စွမ်းရှိပါတယ်၊သူ့ရဲ့လုပ်ဆောင်နိုင်မှုစွမ်းရည်ကိုအောက်ပါအချက်များအဓိကထားပြီးကြည့်ပါတယ်။

Iodine Number
Dechlorination(Chlorine Removal Efficiency)
Hardness
Ash Content
Mesh Size
Surface Area
Apparent Density
Particle Size Distribution
pH
Moisture Content,as Packedစသည့်တို့အပြင်အခြားသောပါရာမီတာများစွာကျန်ရှိပါသေးတယ်။