How to construct Sand Filter

How to construct Sand Filter

lkt_default.jpg

Sand Filter Type နှစ်မျိုးရှိပါတယ်။ Slow Sand Filter နဲ့ Rapid Sand Filter ပါ။ Slow Sand Filter ဆိုတာကတော့ lateral direction(side to side)ပေးဖြတ်ခြင်းပါပဲ။ သူရဲ့ရေစစ်နိုင်တဲ့နုန်းကတော့ 0.15m/hrပါ။ ၁မီတာပတ်လည်ဧရိယာမှာ တစ်နာရီကိုရေလီတာ ၁၅၀လောက်ပဲ စစ်ထုတ်ပေးနိုင်တဲ့သဘောပါ။

Rapid Sand Filterရဲ့ စစ်ထုတ်နိုင်စွမ်းအားကတော့ 5m/hr စံနုန်းရှိပါတယ်။ ပတ်ဝန်းကျင်ရှိ‌လေထုဖိအားနဲ့စစ်ထုတ်ယူတာပါ။ ၁မီတာဧရီယာမှာ တစ်နာရီကို ရေလီတာ၅၀၀၀စစ်ထုတ်ပေးနိုင်ပါတယ်။ ဒါကစံနုန်းပါ။ ပိုအောင်လုပ်ယူလို့ရပါတယ်။

Rapid Sand Filterမှာပုံစံနှစ်မျိုးထပ်ပြီးရှိပါတယ်။ Gravity Sand Filterနဲ့Pressure Sand Filterပါ။ Gravity Sand Filterရဲ့ စစ်ထုတ်နိုင်စွမ်းအားကတော့ 4~8m3/hrစံနုန်းရှိပါတယ်။ အရပ်ထဲမှာတည်ဆောက်သုံးစွဲနေတဲ့ပုံစံပါ။အ‌ပေါ်ကန်‌ အောက်ကန်တည်ဆောက်ပြီး အပေါ်ကန်မှာ သဲဖြည့်ထားအဝီစိတွင်းရေကို မောင်းထည့်၊ သဲကိုဖြတ်ပြီးစစ်ပြီး ကျလာတဲ့ရေကို အောက်ကကန်ထဲမှာ သိုလှောင်ပြီးထုတ်ယူသုံးစွဲတဲ့နည်းပါ။

Pressure Sand Filterကတော့ Pressure Vessel တစ်ခုတည်ဆောက်ပြီးAtmosphere Pressureထက် မြင့်တဲ့ရေတွန်းပန့်ရဲ့ pressureနဲ့မောင်းပြီး စစ်ထုတ်ယူခြင်းပါ။ သူ့ရဲ့ရေစစ်နိုင်စွမ်းအားကတော့5~25m3/hrရှိပါတယ်။

အဲဒီတော့သဲထုကိုဘယ်လောက်ထားမလည်း?

သဲရဲ့ဓါတုဖွဲ့စည်းပုံကSiO2(Silicon Dioxide)ဖြစ်ပြီး Compoundဖြစ်ပါတယ်။Temperature & Pressure effect ကြီးကြီးမားမားမရရင်မပြိုကွဲနိုင်ပါ။ အခြားဒြပ်စင်များနဲ့လည်းမပေါင်းစပ်နိုင်ပါ။ ဒါကြောင့်သာမန်Normal Conditionမှာ သဲဟာရေနဲ့ဓါတ်မပြုနိုင်သလို သတ္တုMineralsတွေနဲ့လည်း ဓါတ်မပြုနိုင်ပါဘူး။ ဒါကြောင့်သဲရေစစ်ကန်ကို ဖြတ်ပြီးတဲ့ရေဟာ ဓါတုပြေင်းလဲမှုမရှိနိုင်ပါ။ ရေမှာပါတဲ့အမှုန်Suspended Particlesတွေကို စစ်ပေးရုံသက်သက်ပါပဲ။ သဲရေစစ်ကန်ကိုဖြတ်လို့ ရေထဲကထုံးဓါတ်၊ သံဓါတ်၊ဆားဓါတ် TDS စသည် ဘာဘာညာညာသာရကာတွေ တစ်ခုမှလျှော့မသွားပါဘူး။ အနည်အမှုန်စစ်ပေးမယ်၊ ရေကိုကြည်သွားစေမယ်၊ဒါပါပဲ။

သဲအလွှာထုကိုဘယ်လောက်ထားမလည်း?

ထုထူရင်Resistanceများပြီးရေစစ်နိုင်အားကျသွားရုံပဲရှိပါမယ်။ဒီတော့သဲထုကို၁ပေထုလောက်ပဲထားရင်ရပါပြီ။