Water softener တစ်ခုကို ဘယ်လို တည်ဆောက် ကြမလည်း?

Water softener တစ်ခုကို ဘယ်လို တည်ဆောက် ကြမလည်း?

news01-20211030013743.jpg

ရေစေး(Hard Water) ကို ရေသွက်(Soft Water) ဖြစ်အောင်water softener ကို အသုံးပြုကြရပါတယ်။ softener အတွင်းမှာ ထည့်သွင်းအသုံးပြုရမည့် media ကတော့Cation Exchange Resin(Na+ form) ဖြစ်ပါတယ်။

1m3/hr softener တစ်ခုကို ဥပမာတွက်ကြည့်ကြရအောင်၊pressure vesselတစ်ခုရဲ့ hydraulic loading အတွက် စံနုန်းသတ်မှတ်ချက်တွေကတော့ linear velocity(10~40m/hr)နဲ့bed volume(8~40BV/hr)ဖြစ်ပါတယ်။

linear velocity(30m/hr)နဲ့ bed volume(30BV/hr)ကိုdesign basic လုပ်ပြီး စတွက်ပါမယ်၊

Flow rate(Q)=1m3/hr

Velocity(V)=30m/hr ဆိုရင်လိုအပ်တဲ့vessel cross sectional area(A)=Q/V

Diameterကိုဆက်ပြီးရှာရင် 8 inches ရပါတယ်၊

အသုံးပြုမဲ့ Resin ရဲ့ ထုအမြင့်(minimum bed depth) က700mmမို့ တွက်ရလွယ်အောင်750mm(30inches) ထားပါပြီ၊ ဒါဆိုရင်ဝင်ဆန့်တဲ့ resin volume=π/4 D*D*H ဆိုတော့ 25lit အဖြေထွက်ပါတယ်၊ Resin ကို backwash လုပ်တဲ့အခါမှာဖြစ်လာမဲ့ backwash expansion က 50~75%ဖြစ်တာမို့ freeboard ကို 75%(22.5inches)+အောက်ကgraval supporting layer=30inchesထားပေးရင်vessel heightက 5feet ဖြစ်သွားပါပြီ၊ဒီတစ်ခါ bed volume per hour ကိုပြန်ပြီးချိန်ဆမယ်ဆိုရင်

BV/hr=(1m3/hr)/25lit=40 လို့အဖြေထွက်ပါတယ်။

သမားရိုးကျပုံစံ conventional pressure filter တွေအတွက်ကတော့ maximum value ဖြစ်နေပါတယ်။

အဲဒီတော့ အိုးဆိုက်ကို နဲနဲပိုကြီးပြီး (10inches) ထားလိုက်ရင် linear velocity နဲ့ BV/hr လျော့ကျသွားပြီး သတ်မှတ်စံနုန်းဘောင်ထဲကိုဝင်သွားပါလိမ့်မယ်။

Resin လည်းနဲနဲပိုဝင်သွားတဲ့အတွက် running hour ပိုပြီးရပါမယ်။

linear velocity ဆိုတာကတော့ contact timeကိုထိန်းချုပ်ထားတာပါ၊ ရေထဲမှာ Hardness ဘယ်လောက်ပါရင်အချိန်ဘယ်လောက်အမောင်းခံနိုင်မယ်ဆိုတဲ့ ionic loading ပိုင်းကိုဆက်ပြီးတွက်ရပါမယ်၊

အားလုံးကိုကျေးဇူးတင်ပါတယ်။

Law Ka Thit for Your Profit!

For your Profit,in touch with Law Ka Thit